ပထမဆုံးခြေလှမ်းအဖြစ် တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ဉီးဝင်းမြင့်+ဒေါ်ခင်ညို တို့မှ ကိုယ်တိုင်ဉီးစီး၍ ရွှေပုစွန် မွေးမြူရေးအစာစက်ရုံအနေဖြင့် စတင်တည်ထောင်ခဲ့ပြီး မွေးမြူရေးအစာများကို မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့များသို့ စတင်ဖြန့်ဖြူးရောင်းချခဲ့ပါသည်။
Golden Apex International Trading Co., Ltd.ဒုတိယခြေလှမ်းအဖြင့် အသင့်အသုံးပြုနိုင်သော ကုန်ချောများ စတင်ထုတ်လုပ်ခဲ့ပြီး ရန်ကုန်၊ ပျဉ်းမနား၊ မန္တလေးနှင့် ပြင်ဉီးလွင်မြို့များသို့ စတင်ဖြန့်ဖြူးရောင်းချခဲ့ပါသည်။.
Golden Apex International Trading Co., Ltd.ရှမ်းပြည် (တောင်ပိုင်း) သို့ တိုးချဲ့ဖြန့်ဖြူး ရောင်းချခဲ့သည်။
Golden Apex International Trading Co., Ltd.တတိယခြေလှမ်းအဖြစ် သယ်သူပို့ဆောင်ရေးလမ်းကြောင်းများ၏ ဗဟိုချက်မဖြစ်သော ရန်ကုန်မြို့တွင် ရွှေပုစွန်မွေးမြူရေးအစာထုတ်လုပ်ရေး တော်ဝင်စက်ရုံ ရန်ကုန်မြို့လုပ်ငန်းခွဲအဖြစ် တိုးချဲ့တည်ထောင်ခဲ့ပြီး ထုတ်လုပ်ရေးလုပ်ငန်းများကို ထားဝယ်မြို့နှင့် ရန်ကုန်မြို့တို့တွင် တပြိုင်နက် လည်ပတ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချခဲ့သည်။
Golden Apex International Trading Co., Ltd.မြန်မာနိုင်ငံရှိ မွေးမြူရေးအစာစက်ရုံများနှင့် လုပ်ငန်းရှင်များအတွက် ဈေးနှုန်းချိုသာသင့်တင့်ပြီး ပစ္စည်းအရည်အသွေး ပြည့်ဝမှန်ကန်သော အစာကုန်ကြမ်းများအပြင် အစာစပ်ဆေးများကိုပါ One Stop Service အနေနဲ့ ဝယ်ယူရရှိစေလိုသော ဆန္ဒဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် နယ်သာလန်အခြေစိုက် Biomin/DSM Company ၏ ကမ်းလှမ်းခြင်းကို လက်ခံခဲ့ပြီး အရည်အသွေးပြည့်ဝကောင်းမွန်သော Biomin/DSM ဆေးပစ္စည်းများကို မြန်မာနိုင်ငံတွင် Golden Apex အနေဖြင့် အစာစပ်ဆေးနှင့် Premix အားဆေးများကိုပါ စတင်ဖြန့်ချီ ပေးခဲ့ပါသည်။ ထို့အပြင် Biomin/DSM ဆေးများနဲ့ တွဲဖက်အသုံးပြုရန်လိုအပ်သည့် အခြား Feed Additives ဆေးများကိုပါ တင်သွင်းဖြန့်ချီပေးနိုင်နေပြီ ဖြစ်ပါသည်။
Golden Apex International Trading Co., Ltd.“ မွေးမြူရေးနှင့်အစာကုန်ကြမ်းလောကတွင် နှစ်ပေါင်း (၂၀) ကျော်တိုင် နှစ်ပေါင်းများစွာ ရပ်တည်ခွင့်ရခဲ့သည်မှာ ကျွန်တော်တို့၏ Golden Apex ကုမ္ပဏီထံမှ အစာကုန်ကြမ်းများကို အစဥ်တစိုက် ဝယ်ယူအားပေးနေကြသည့် မွေးမြူရေးအစာစက်ရုံများနှင့် မွေးမြူရေးလုပ်ငန်းရှင်များကြောင့်ပင် ဖြစ်ပါသည်။ ”
“ လွန်ခဲ့သည့် နှစ် (၂၀) ကျော်အချိန်မှစ၍ အခုအချိန်အထိ ဝယ်ယူအားပေးနေခြင်းအပေါ် ကျွန်ုပ်တို့၏ တန်ဖိုးထားရသော customer များကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်း ဤနေရာတွင် မှတ်တမ်းတင်အပ်ပါသည်။ ”