Golden Apex International Trading Co., Ltd. သည် မြန်မာနိုင်ငံ၏ မွေးမြူးရေးကဏ္ဍတွင် လွန်ခဲ့သည့် နှစ် ၂၀-ကျော်ကာလကပင် ရောက်ရှိဆောင်ရွက်နေသော ကုမ္ပဏီတခုဖြစ်ပြီး မွေးမြူရေးအစာကုန်ကြမ်းနှင့် မွေးမြူရေးအစာစပ်ဆေးဆိုင်ရာဆေးဝါးများကို ပြည်တွင်းကုန်ကြမ်းပစ္စည်းသာမက၊ ပြည်ပကုန်ကြမ်းပစ္စည်းများကိုပါ တင်သွင်းဖြန့်ချိပေးနေသော Livestock Raw Materials and Feedadditives Import, Trading and Distribution ကုမ္ပဏီတခုဖြစ်ပါသည်။ "လူကြီးမင်းတို့လိုအပ်သော အစာကုန်ကြမ်းနှင့် အစာစပ်ဆေးများကို ရရှိနိုင်ရန်အတွက် Golden Apex International Trading Co., Ltd. သို့သာ ချိတ်ဆက်မေးမြန်းလိုက်ပါ"
မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်ခြင်းကြောင့် ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ပြုလုပ်ရာတွင် Decision Making Process မြန်ဆန်တိကျခြင်း။
၁၉ ရာစုနှစ်ဖွား ခေါင်းဆောင်များ၏ ဉီးဆောင်မှုဖြင့် ၂၁ ရာစုနှစ်လူငယ်များ၏ စိတ်ကူးဆန်းသစ်မှုများဖြင့် ရှေ့သွားနောက်လိုက် ဟန်ချက်ညီညီ လျင်လျင်မြန်မြန်တိုးတက်နေသော လုပ်ငန်းဖြစ်ခြင်း။
မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကြီးများမှ ငွေရေးကြေးရေးဆိုင်ရာ ယုံကြည်စိတ်ချခိုင်မာမှုကို ရရှိထားသော ငွေကြေးခိုင်မာတောင်တင်းသည့် ကုမ္ပဏီတစ်ခုဖြစ်ခြင်း။
ဝယ်ယူရေး ကဏ္ဍ၊ ထုတ်လုပ်ရေးကဏ္ဍ၊ ဖြန့်ဖြူးရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍများကို တစ်နေရာတည်းမှ စီမံကွပ်ကဲနိုင်ခြင်းကြောင့် အချိတ်အဆက်မိမိ မြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်း။
“ မွေးမြူရေးအစာကုန်ကြမ်းနှင့် အစာစပ်ဆေးများ ပစ္စည်းမပြတ်လပ်ဘဲ တစ်နှစ်ပတ်လုံး မှာယူရရှိနိုင်စေရန်။ ကုန်ကြမ်းနှင့် အစာစပ်ဆေး၏ Quality နှင့် ဈေးနှုန်းများကို စေ့စပ်သေချာစွာ ရွေးချယ်ဝယ်ယူနိုင်ခြင်း ကြောင့် ကျွန်တော်တို့၏ ပစ္စည်းများသည် ဈေးနှုန်းအသက်သာဆုံးဖြင့် အရည်အသွေးအကောင်းဆုံး ထုတ်ကုန်ပစ္စည်းများ ဖြစ်စေရန်။ ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် Logistic and Supply Chain လုပ်ငန်းစဉ်ကိုပါ Customer များအတွက် ကုန်ကားများ သေချာရွေးချယ်စီစစ် စီစဉ်ပေးနိုင်ခြင်းကြောင့် ဈေးအသက်သာဆုံး သယ်ယူ ပို့ဆောင်ခဖြင့် အမြန်ဆုံးဖြစ်အောင် ချိတ်ဆက်ပို့ဆောင်ပေးနိုင်ရန်။ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်ခြင်းကြောင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများနှင့် ပက်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့်လုပ်ကိုင်ပေးနိုင်ရန်။ ”
“ မြန်မာနိုင်ငံ၏ မွေးမြူရေးအစာထုတ်လုပ်ရောင်းချသော လုပ်ငန်းများစွာထဲတွင် အသစ်အသစ်သော ထုန်ကုန်များကို ရှေ့ဆုံးမှ ဉီးဆောင်ထုတ်လုပ်ရောင်းချပေးသော ကုမ္ပဏီတစ်ခုဖြစ်ရန်။ ”
“ သန့်ရှင်းလတ်ဆတ်သော မွေးမြူရေးအစာများကို ထုတ်လုပ်ခြင်းအားဖြင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ စိတ်ကျေနပ်မှုနှင့် ယုံကြည်မှုရရှိစေရန်။ ”
Our valuable partners